Election Education and Observation Partners “ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ” ဟုအမည်ခေါ်ဆိုပြီး၊ ဘက်မလိုက်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းနှင့် စောင့်ကြည့်လေ့လာရေးများလုပ်ဆောင်ရန် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။ EEOP အဖွဲ့အား (၂၀၁၃) ခုနှစ်၊ မတ်လတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့သည် အစိုးရ သို့မဟုတ် မည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံမဟုတ်သည့်အပြင်၊ မည်သို့သော ပတ်သက်ဆက်နွယ်မှုမှမရှိပါ။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီယဥ်ကျေးမှုကို အားပေးမြှင့်တင်နိုင်ရေးအတွက် စိတ်ပါဝင်စားသော အဖွဲ့အစည်းများအနေဖြင့် EEOP အဖွဲ့အား လွတ်လပ်စွာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
EEOP တွင်ပါဝင်သော အဖွဲ့အစည်းများ
- New Myanmar Foundation (NMF) – Yangon Region
- Democratic Force (DF) – Yangon Region
- Cherry Image – Shan State
- Metta Campaign – Mandalay Region
- Wisdom Banner – Mandalay Region
- Public Welfare Network – Yangon Region
- Green Network – Tanintharyi Region
- Top Youth – Kayin State
- Pwint Phyu Observer Group – Magwe Region
- Rural Development Network (RDN) – Yangon Region
- Tedim Youth Fellowship (TYF) – Chin State
- Nwe Oo Foundation – Irrawaddy Region
- Social Actors’ Group – Sagaing Region
EEOP အဖွဲ့၏ ရည်ရွယ်ချက်များ
- မြန်မာနိုင်ငံတွင်လွတ်လပ်ပြီးတရားမျှတသော ယုံကြည်ထိုက်သည့်ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရေးအတွက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကို ဆောင်ရွက်သွားရန်
- ရွေးကောက်ပွဲလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ နိုင်ငံသားများ၏အသိပညာများ တိုးတက်မြင့်မားလာစေရေးကို ဆောင်ရွက်သွားရန်
- မြန်မာနိုင်ငံတွင် ဒီမိုကရေစီယဥ်ကျေးမှုများအား အားပေးမြင့်တင်ခြင်းဖြင့် ပြည်သူလူထုမှ နိုင်ငံရေးဖြစ်စဥ်များတွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရေးကို တွန်းအားပေး ဆောင်ရွက်သွားရန်
လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ
EEOP အဖွဲ့အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများအကြား အောက်ပါလှုပ်ရှားဆောင်ရွက်မှုများကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
- ယုံကြည်ထိုက်ပြီး စစ်မှန်သောရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာနိုင်ငံရွေးကောက်ပွဲများအား စောင့်ကြည့်လေ့လာရန်
- နိုင်ငံသားအသိပညာနှင့် မဲဆန္ဒရှင်အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်
- ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများအကြား ပိုမိုကောင်းမွန်သော ညှိနှိုင်ဆောင်ရွက်မှုများကို ဖန်တီးဆောင်ရွက်သွားရန်
အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- မိတ်ဖက်အဖွဲ့အစည်းများအကြားတွင် နည်းပညာများ၊ ကျွမ်းကျင်မှုများ၊ ရုံးဖွဲ့စည်းခြင်းများ၊ သင်တန်းများနှင့် ရန်ပုံငွေစသည့် အရင်းအမြစ်အမြစ်များအား မျှဝေပေးသွားမည်
- မိတ်ဖက်အဖွဲ့အစည်းများအကြားတွင် သတင်းအချက်အလက်များအား မျှဝေသွားမည်
- ပြည်သူ့သဘောထားအမြင်များ၊ အချက်အလက်များကောက်ယူခြင်းနှင့် အခြားသော ဆက်စပ်သည့် လှုပ်ရှားဆောင်ရွက်မှုများအတွက် ညှနှိုင်းဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်