(၂၀၁၈) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရေးဆိုင်ရာ ကနဦးအစီရင်ခံစာ ထုတ်ပြန်ခြင်း

(၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲအား EEOP အဖွဲ့မှ ကာလရှည်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ (၁၃) ဦးအပါအဝင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူစုစုပေါင်း (၁၄၉) ဦးဖြင့် စောင့်ကြည့်လေ့လာခဲ့ရာ ရွေးကောက်ပွဲနေ့အပြီး (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ (တနင်္လာနေ့)၊ (၁၃၈၀) ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၂) ရက်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ ကနဦးအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များမှ မြန်မာနိုင်ငံ၏ (၂၀၁၈) ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရေးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အစီရင်ခံစာအကျဥ်းချုပ်

ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် (၂၀၁၅) ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအပြီး၊ ဒုတိယအကြိမ်အဖြစ်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲဖြစ်ကာ၊ လွှတ်တော်အသီးသီး၌ လစ်လပ်နေသောလွှတ်တော်ကိုယ်စားလှယ်နေရာ (၁၃) နေရာများအတွက် ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ လစ်လပ်နေသောလွှတ်တော်ကိုယ်စားလှယ်နေရာများမှာ အုပ်ချုပ်ရေးဆိုင်ရာ ရာထူးများအတွက် ခန့်အပ်ခြင်းခံထား ရ၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခြင်းမှ ပျက်ပြယ်သွားကာ လစ်လပ်ခြင်းနှင့် ကိုယ်စားလှယ်ဆုံးပါးသွားသော ကြောင့် လစ်လပ်ခြင်းများဖြစ်သည်။

(၂၀၁၈) ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များအတွက် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၄) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁) နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၈) နေရာ၊ စုစုပေါင်း (၁၃) နေရာတွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုကြားဖြတ်ရွေးကောက်ပွဲအား ပြည်နယ်နှင့်တိုင်းဒေသကြီး (၉) ခုရှိ၊ မဲဆန္ဒနယ်များ အလိုက် အကျုံးဝင်သည့် မြို့နယ်စုစုပေါင်း (၃၅) မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များ၌ တပြိုင်နက်တည်း ကျင်းပ ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် အားနည်းချက်အချို့ရှိခဲ့သော်လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာမဲဆန္ဒနယ်များရှိ မြို့နယ် (၁၅) မြို့နယ်တွင် ဖြန့်ကျက်နေရာချထားခဲ့သည့် EEOP စောင့်ကြည့်လေ့လာသူများမှ ရွေးကောက်ပွဲနေ့တွင် အစီရင်ခံစာစုစုပေါင်း (၃၈၀) စောင်ကို ပေးပို့ခဲ့သည်။ အဆိုပါအစီရင်ခံစာများအရ အငြင်းပွားမှုအချို့ကို လေ့လာတွေ့ရှိရသော်လည်း စောင့်ကြည့်လေ့လာသူများ၏ သုံးသပ်ချက်များအရ (၉၄%) ရာခိုင်နှုန်းမှာ ကောင်းမွန်သည်ဟု အကဲဖြတ်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ဤသုံးသပ် ချက်များမှာ ကနဦးအစီရင်ခံစာများကို အခြေခံထားခြင်းဖြစ်ပြီး၊ ထပ်မံရောက်ရှိလာသော အစီရင်ခံစာများနှင့် စုပေါင်းသုံးသပ်မှုများပြုလုပ်ပါက ရာခိုင်နှုန်းများနှင့် လေ့လာတွေ့ရှိချက်များမှာ အနည်းငယ်အပြောင်းအလဲများ ရှိနိုင်ပါသည်။

ယခုထုတ်ပြန်ချက်သည် လေ့လာစောင့်ကြည့်များမှ ပေးပို့လာသော အစီရင်ခံစာများ၊ တွေ့ရှိချက်များကို အခြေခံ၍ စုစည်းသုံးသပ်ထားခြင်းဖြစ်ပါသည်။ ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးအစီရင်ခံစာထုတ်ပြန်သည့်အခါတွင်လည်း ယခုတွေ့ရှိချက်များကို ပြန်လည်ထည့်သွင်းသုံးသပ်သွားမည် ဖြစ်သည်။ ယခုအစီရင်ခံစာသည် ရွေးကောက်ပွဲနေ့ တွေ့ရှိချက်များကို အကျဥ်းချုပ်၍၊ ခြုံငုံသုံးသပ် တင်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်ခ်များတွင် ရယူဖတ်ရှုနိုင်ပါသည်။

English Version Report (အင်္ဂလိပ်အစီရင်ခံစာ)

မြန်မာအစီရင်ခံစာ (Myanmar Version Report)

ပြန်စာထားခဲ့ပါ။

This site uses Akismet to reduce spam. Learn how your comment data is processed.

Privacy Preferences
When you visit our website, it may store information through your browser from specific services, usually in form of cookies. Here you can change your privacy preferences. Please note that blocking some types of cookies may impact your experience on our website and the services we offer.