ANFREL အဖွဲ့၏အစီအစဥ်ဖြင့် နယူးမြန်မာဖောင်ဒေးရှင်းမှ ရွေးကောက်ပွဲစောင့်ကြည့်ရေးသင်တန်းပြုလုပ်

ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (EEOP – Election Education and Observation Partners) အဖွဲ့သည် မကြာမီ ကျင်းပတော့မည်ဖြစ်သော (၂၀၂၀) ခုနှစ်၊ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရေးဆောင်ရွက်နိုင်ရန်နှင့် စောင့်ကြည့်လေ့လာရေးဆိုင်ရာနည်းစနစ်များကို မျှဝေပေးနိုင်ရန် ရည်မှန်းချက်ထားရှိ၊ ဆောင်ရွက်လျှက်ရှိပါသည်။
အဆိုပါရည်မှန်းချက်များနှင့်အညီ နယူးမြန်မာဖောင်ဒေးရှင်း (NMF – New Myanmar Foundation) အဖွဲ့ဦးဆောင်၍မှ အာရှဒေသဆိုင်ရာ လွတ်လပ်သောရွေးကောက်ပွဲများကွန်ယက် (ANFREL – Asian Network for Free Elections) အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအစီအစဥ်ဖြင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးသင်တန်း အမှတ်စဥ် (၁) ကို (၂၀၂၀) ခုနှစ် ဇွန်လ၊ (၉) ရက်မှ (၁၂) ရက်အထိ လေးရက်တာကလ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုးပေးသော Royal Norwegian Embassy in Yangon နှင့် ANFREL အဖွဲ့ကို နယူးမြန်မာဖောင်ဒေးရှင်း (NMF) အဖွဲ့၊ ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (EEOP – Election Education and Observation Partners) မှ များစွာကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။